၁။ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ ပင်စင်ဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူးရာထူးနေရာများ ခန့်ထားနိုင်ရေးအတွက် ၂၁-၄-၂၀၂၀ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် လျှောက်လွှာခေါ်ယူခဲ့ပါသည်။ ဌာနမှ သတ်မှတ်ထားသည့် အရည်အချင်းကိုက်ညီသူများသည် အရည်အချင်းစစ် ရေးဖြေစာမေးပွဲအား အောက်ပါအစီအစဉ်အတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်-
(က) ဖြေဆိုရမည့်နေ့ရက် - ၁၈-၇-၂၀၂၀ (စနေနေ့)
( ခ) ဖြေဆိုရမည့်အချိန် - နံနက် (၀၉:၀၀) နာရီမှ (၁၁:၀၀) နာရီထိ
(မြန်မာစာ+အထွေထွေဗဟုသုတ)
နေ့လယ် (၁:၀၀) နာရီမှ (၃:၀၀) နာရီထိ
(အင်္ဂလိပ်စာ)
(ဂ) ဖြေဆိုရမည့်နေရာ - ခုံအမှတ် (၀၀၀၁) မှ (၀၇၀၀) ထိ
အ.ထ.က (၁၄)၊ ဇမ္ဗူသီရိမြို့နယ်၊ နေပြည်တော်။
ခုံအမှတ် (၀၇၀၁) မှ (၁၁၉၄) ထိ
အ.လ.က (၃) (အ.ထ.က-ခွဲ)၊ ဇမ္ဗူသီရိမြို့နယ်၊
နေပြည်တော်။
(ဃ) ဖြေဆိုခွင့်ကတ်ပြား - ၁၆-၇-၂၀၂၀ ရက်နေ့မှ ၁၇-၇-၂၀၂၀ ရက်နေ့ထိ
ထုတ်ယူရမည့်နေ့ရက်နှင့်နေရာ (ရုံးချိန်အတွင်း)၊ ပင်စင်ဦးစီးဌာန၊ ရုံးအမှတ် (၃၄)၊ နေပြည်တော်တွင် ထုတ်ပေးပါမည်။ ကျန်ရှိနေသည့် ကဒ်ပြားများအား ၁၈-၇-၂၀၂၀ နံနက် (၇:၀၀) မှစ၍ သက်ဆိုင်ရာ ဖြေဆိုမည့် ကျောင်းအဝင်ဝတွင် ထုတ်ပေးပါမည်။
၂။ စာမေးပွဲဖြေဆိုခွင့်ကတ်ပြား လာရောက်ထုတ်ယူပါက မှတ်ပုံတင် (မူရင်း)၊ တက္ကသိုလ်ဝင်တန်း အောင်လက်မှတ် (မူရင်း) နှင့် ဘွဲ့လက်မှတ် (မူရင်း) တို့အား တစ်ပါတည်း ယူဆောင်လာရန်နှင့် ဖြေဆိုခွင့်ကတ်ပြားထုတ်ယူခြင်းနှင့် ရေးဖြေစာမေးပွဲဖြေဆိုခြင်းတို့အတွက် နေပြည်တော်သို့ လာရောက်ချိန်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ Coronavirus Disease COVID-19 ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ လာရောက်ရမည်ဖြစ်ပါသည်။ ( ရပ်ကွက် / ကျေးရွာတွင် အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံချက်နှင့် ကျန်းမာကြောင်းထောက်ခံချက် တစ်ပါတည်း ယူဆောင်လာရမည်။)
၃။ အရည်အချင်းစစ် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် ခုံအမှတ်များအား www.mopfi.gov.mm နှင့် www.pension.gov.mm တို့တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါကြောင်းနှင့် အသေးစိတ်အချက်အလက်များကို ပင်စင်ဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်လူ့အရင်းအမြစ်စီမံခန့်ခွဲရေး ဌာနခွဲ၏ ဖုန်း ၀၆၇-၃၄၁၀၄၁၈၊၀၆၇-၃၄၁၀၄၁၉ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
ပင်စင်ဦးစီးဌာန