.png)
.png)
.png)
နေပြည်တော် မတ် ၂၆
နေပြည်တော်၊ ရုံးအမှတ် ၄၆၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်၂၀၁၉ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ ညနေ ၄:၃၀ နာရီအချိန်၌ ပြည်တွင်းအခွန်များဦးစီးဌာနတွင် အသုံးပြုရန်လိုအပ်သည့် ကုန်စည်နှင့်ဝန်ဆောင်မှုအမျိုးအစားအလိုက် ကပ်နှိပ်အသုံးပြုရမည့် အခွန်အမှတ်တံဆိပ်များ ပြည်ပမှမှာကြားနိုင်ရေး တင်ဒါဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့ရာ တင်ဒါကော်မတီဥက္ကဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
အဆိုပါအခမ်းအနားသို့ ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်၊ အခွန်အယူခံခုံအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦး၊ ပြည်တွင်းအခွန်များဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ) ဦးကျော်ကျော်၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်မြတ်ကျော်၊ မြန့်မာစီးပွားရေးဘဏ်မှ မန်နေဂျာ ဦးအောင်မြင့်တိုး၊ ပြည်တွင်းအခွန်များဦးစီးဌာန စီမံရေးရာဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးစိုးနိုင်၊ စစ်ဆေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးထင်အောင်ကျော်၊ တင်ဒါတင်သွင်းထားသောကုမ္ပဏီများမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။