စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန (ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး)
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်၊ ပြည်တွင်းအခွန်များဦးစီးဌာန၏ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဃ) ရပ်ကွက်၊ (၁၆) လုပ်သားလမ်း၊ မြေကွက်အမှတ် (၃၃/က+၃၃/ခ)၊ ဧရိယာ (၁.၄၇၅) ဧကပေါ်တွင် တည်ဆောက်လျက်ရှိသော ဝန်ထမ်းအိမ်ရာ (၄) လုံးတွင် 500KVA ထရန်စဖော်မာ (၂) လုံး နှင့် 315 KVA ထရန်စဖော်မာ (၁) လုံး တပ်ဆင်ခြင်း လုပ်ငန်းအတွက် မြန်မာနိုင်ငံသားကုမ္ပဏီများအား တင်ဒါလျှောက်လွှာပုံစံ (၁)စောင်လျှင် ၁၀၀၀၀/- ကျပ်နှုန်းဖြင့် ဝယ်ယူ၍ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ် အပ်ပါသည်။
(က) | တင်ဒါပုံစံရောင်းချမည့်ရက်/ အချိန် | ၁၄ - ၆ -၂၀၁၉ ( သောကြာနေ့ ) |
(ခ) | တင်ဒါပုံစံရောင်းချမည့်နေရာ | ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ် (၁၆၃/၁၆၇) ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်)ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ |
(ဂ) |
တင်ဒါပုံစံတင်သွင်းရမည့်နောက်ဆုံးရက်/ အချိန် |
၂၇ - ၆ -၂၀၁၉ ( ကြာသပတေးနေ့ ) မွန်းလွဲ (၁၅:၀၀) နာရီတိတိ |
(ဃ) | တင်ဒါပုံစံဖွင့်လှစ်မည့်နေရာ | ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ အမှတ် (၁၆၃/၁၆၇) ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ |
၂။ အသေးစိတ်သိရှိလိုပါက ပြည်တွင်းအခွန်များဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး၊ ဖုန်း-၀၁-၂၅၂၅၄၃၊ ၀၁- ၃၇၂၃၀၉ သို့ ရုံးချိန်အတွင်း ဆက်သွယ်၍ မေးမြန်းနိုင်ပါကြောင်းနှင့် တင်ဒါဖွင့်လှစ်မည့်နေ့ရက်နှင့် အချိန်တို့ကို ထပ်မံ၍ အကြောင်းကြားသွားမည်ဖြစ်ပါသည်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
ရန်ကုန်တိုင်းဒေသကြီးအခွန်ဦးစီးဌာနမှူးရုံး
ရန်ကုန်မြို့