နေပြည်တော်၊နိုဝင်ဘာ ၂၆
ငွေတိုက်ဦးစီးဌာန၊ IMF’s Government Finance Statistics (GFS) knowledge Shearing အစီအစဉ်ကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀:၀၀) အချိန်တွင် ရုံးအမှတ်(၃၄)၊ စုပေါင်းခန်းမကြီး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစီအစဉ်သို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ အရာထမ်းနှင့် အမှုထမ်းများ စုစုပေါင်း(၄၂)ဦး တက်ရောက်ခဲ့ကြပါသည်။
ငွေတိုက်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်စီစီပြုံး က အမှာစကားပြောကြားရာ၌ ယနေ့ ပြုလုပ်သည့် Government Finance Statistics (GFS) သည် ငွေတိုက်ဦးစီးဌာနနှင့်လည်း အဓိကသက်ဆိုင်ကြောင်း၊ ဌာနမှဝန်ထမ်းများအနေဖြင့် မဖြစ်မနေသိသင့်သိထိုက်သည့် အကြောင်းအရာဖြစ်ကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်းတွင် သင်တန်းတစ်ခုအနေဖြင့် ထည့်သွင်းပို့ချခဲ့၍ ဤဦးစီးဌာနမှ တက်ရောက်ခဲ့သူများရှိကြောင်း၊ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် တက်ရောက်လေ့လာခဲ့သူများက အတွေ့အကြုံကို မျှဝေပေးမှာဖြစ်ကြောင်း၊ ယခုတက်ရောက်သူများအနေဖြင့် မိမိ၏အတွေ့အကြုံများ၊ လက်တွေ့ဆောင်ရွက် နေမှုများအပေါ် မူတည်၍ ဗဟုသုတ၊ အတွေ့အကြုံများကို ဝိုင်းဝန်းဆွေးနွေးပေးစေလိုကြောင်း မှာကြားခဲ့ပါသည်။
အဆိုပါအစီအစဉ်တွင် IMF’s Government Finance Statistics (GFS) နှင့်စပ်လျဉ်း၍ သင်တန်းမှရရှိခဲ့သည့် ဗဟုသုတများအား လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ယဉ်မာဌေးမှ ဦးဆောင် ၍ ဦးစီးအရာရှိများဖြစ်ကြသည့် ဒေါ်ဇင်မာအိနှင့် ဒေါ်အေဇင်ထူးတို့က ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန်မေးမြန်းဖြေကြားခြင်း၊ အတွေ့အကြုံများမျှဝေခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။