
၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့တွင် Japan Bank of International Cooperation (JBIC) မှ Mr. Yo Kikuchi ဦးဆောင်သောအဖွဲ့နှင့် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ငွေတိုက်ဦးစီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် အခွန်ရငွေတိုးမြှင့်ကောက်ခံရရှိရေး၊ အသုံးစရိတ်များ ပိုမိုကျခံသုံးစွဲနိုင်ရေး၊ ဘဏ္ဍာလိုငွေဖြည့်တင်းနိုင်ရေးအတွက် အရင်းအမြစ်ရရှိမှု၊ စီးပွားရေးမူဝါဒ၏ အဓိကအခန်းကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံခန့်ခွဲခြင်း၊ စွမ်းအင် ဈေးနှုန်းလျော့ကျခြင်း၏ အကျိုးသက်ရောက်မှုများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ရုံးအမှတ်(၂၆)၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။