စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ ခေါင်းဆောင်သော တာဝန်ရှိပုဂ္ဂိုလ်များနှင့် Embassy of the United States of America မှ Economic officer ဖြစ်သူ Amy Roth နှင့် Economic Specialist ဖြစ်သူ မကေသီခိုင်တို့သည် ၂၀၁၉ ခုနှစ်၊ မတ်လ ၁၄ ရက်နေ့ ၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် ရသုံးမှန်းခြေငွေစာရင်းဦးစီး ဌာန၊ ရုံးအမှတ် (၂၆) ၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ဆွေးနွေးပွဲတွင် Myanmar Extractive Industries Transparency Initiatives (MEITI) နှင့် SOE reform update issues ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။