ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဦးဆောင်၍ Deutsche Gesellschaft für Internationale Zusammenarbeit GmbH (GIZ) ၏ ပူးပေါင်းမှုဖြင့် “မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနား”ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ချင်းပြည်နယ်၊ ဟားခါးမြို့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ချင်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာမင်းဇော်ဦးမှ အဖွင့်အမှာစကားပြောကြားပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာလွင်သူဇာရွှေ၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းမြတ်နှင့် ဒုတိယညွှန်ကြားရေး မှူး ဒေါ်စောသက်စုဝင်းတို့မှ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေများ၊ မြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ ချင်းပြည်နယ်အတွင်းရှိ လုပ်ငန်းဆက်စပ်သော ဌာနအဖွဲ့အစည်းများမှ အရာထမ်း (၃၆) ဦး တက်ရောက်ခဲ့ပါသည်။