
အင်ဒိုနီးရှားနိုင်ငံ၊ PT TIMAH Tbk မှ Project Manager ဖြစ်သူ Mr. Ebbi Wibisana ဦးဆောင်သော ကိုယ်စား လှယ်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာမာလာမျိုးညွန့်နှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။