Amata Corporation Public Company ၏ Industrial Business Development Department Manager ဖြစ်သူ Mr. Satha Vanalabh-patana နှင့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်နှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၂၉ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။