စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး၊ ဦးကျော်ဝင်းထွန်းနှင့် ဦးစီးအရာရှိ ဒေါ်ငြိမ်းမို့မို့ဇော်တို့သည် ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ ဗီယက်နန်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပပြုလုပ် လျက်ရှိသည့် “Workshop on Business Survey Methodology Targeted to FDIs Compilers” သို့ တက်ရောက်လျက်ရှိပါသည်။