
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမာလာမျိုးညွန့်သည် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တိုဘာလ ၁ ရက်နေ့အထိ ကျင်းပပြုလုပ် လျက်ရှိသည့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ ၂၀၃၀ ပြည့်မီစေရေးအတွက် ရန်ပုံငွေ အလှည့်ကျ သုံးစွဲခြင်းနှင့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှုမူဝါဒနှင့်စပ်လျဉ်းသည့် ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက် လျက်ရှိပါသည်။