One of Front Company Limited သို့ ကွင်းဆင်းစစ်ဆေးခြင်း

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော မြေကွက်အမှတ်-၈၃၊ စက်မှု ဇုန်-၁၊ လှိုင်သာယာမြို့နယ်၊  ရန်ကုန်တိုင်း ရှိ One of Front Company Limited သို့  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီ များညွှန်ကြားမှုဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန နှင့် အလုပ်သမားညွှန်ကြားမှုဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်များ ပါ၀င်သည့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့သည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ကုမ္ပဏီ၏တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။