Top Form Brassiere Mfg Co., Ltd. မှ Director ဖြစ်သူ Mr. Michael Lurer နှင့် အဖွဲ့သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ တွဲဖက်အတွင်းရေးမှူး ဒေါ်မြသူဇာနှင့် ၂၀၁၈ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့၌ ရန်ကုန်မြို့တွင် လာရောက်တွေ့ဆုံပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။