
Myanmar Strategic Holdings Ltd. (MSH) မှ ရင်းနှီးမြှုပ်နှံမှု ပါတနာ ဦးအောင်မျိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ဌာနရှိ ဝန်ထမ်းများ၏ အင်္ဂလိပ်စာ စွမ်းရည်တိုးတက်စေရန် Wall Street English (Myanmar) မှ ကူညီဆောင်ရွက်ပေးမည့် အစီအစဉ်များကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ ညနေပိုင်းတွင် လာရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။