ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် စင်ကာပူသမ္မတနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုရေးနှင့်စပ်လျဉ်း၍ တတိယအကြိမ်ညှိနှိုင်း ဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရုံး၊ ရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲကို ၂၀၁၈ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့မှ ၁၀ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်စုစုပေါင်း (၁၅) ဦးခန့် တက်ရောက် ခဲ့ကြပြီး မြန်မာနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့အကြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အပြန်အလှန် အကာအကွယ်ပေးရေး နှင့် တိုးမြှင့်ဆောင်ရွက်ရေးကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
မြန်မာ - စင်ကာပူ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးနှင့် အကာအကွယ်ပေးရေးစာချုပ် ဖြစ်ပေါ်လာပါက မြန်မာ နိုင်ငံမှ စင်ကာပူနိုင်ငံသို့ သွားရောက် ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံသူများနှင့် စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ လာရောက်ရင်းနှီးမြှုပ်နှံမှုလုပ်ကိုင်နေကြသည့် စင်ကာပူ ရင်းနှီးမြှုပ်နှံသူများ နှစ်ဖက် စလုံးမှ အဆိုပါ သဘောတူစာချုပ်ပါ အသီးအပွင့်များကို ခံစားရရှိမည်ဖြစ်ပါသည်။