မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးသည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် တတိယအကြိမ် ရပ်ဝန်းနှင့် လမ်းကြောင်း ညီလာခံ၏ စွမ်းအင်၊ သဘာဝအရင်းအမြစ်နှင့် Public Utility ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် Project Pitching Session တွင် Myanmar Project Highlight ခေါင်းစဉ်ဖြင့် ရှင်းလင်း ဆွေးနွေးခဲ့ပါသည်။