ဂျာမနီ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ Mr. Hasso Anwer ဦးဆောင်သည့်အဖွဲ့သည် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လ ၁၂ ရက်နေ့၌ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အစိုးရ-ပုဂ္ဂလိက တွေ့ဆုံညှိနှိုင်း ဆွေးနွေးပွဲ ကျင်းပပြုလုပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။