Myanmar Stark Prestige Plantation Co., Ltd.၏ ဆီအုန်း စိုက်ပျိုးရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနများ၏ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ ကိုယ်စားလှယ်များပါဝင်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ၂၀၁၈ ခုနှစ် ဇွန်လ ၄ ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ကျင်းပခဲ့ပါသည်။