
အာရှဖွံ့ဖြိုးရေးဘဏ်မှ ဥပဒေအကြံပေးများ ဖြစ်သည့် Mr. Rober San Pe and Ms. Melinda Thet Tun တို့သည် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးနှင့် ၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် လာရောက်တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ပိုမိုကောင်းမွန်စေရန်အတွက် ဥပဒေ၊ နည်းဥပဒေများ ပိုမိုခိုင်မာလာစေရန်ကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။