စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
၁။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာနသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် အောက်ဖော်ပြပါ ဆောက်လုပ်ရေးလုပ်ငန်းများ ဆောက်လုပ် နိုင်ရန်အတွက် အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-
(က) ရုံးအမှတ် (၃၂)၊ နေပြည်တော်တွင် စတို အဆောက်အဦ (၅၀'x၅၀'x၂၀') (၁) လုံး ဆောက်လုပ်ခြင်း ၊
(ခ) ရုံးအမှတ်(၃၂)၊နေပြည်တော်တွင်အဝီစိရေတွင်း(၄"x၄၀၀')(၁)တွင်း တူးဖော်ခြင်း၊
၂။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များကို ရုံးအမှတ်(၃၂)၊ နေပြည်တော်၊ ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ပစ္စည်းထိန်းဌာနခွဲ၊ သဇင်ရုံလမ်း၊ (၅)ရပ်ကွက်၊ မရမ်းကုန်း မြို့နယ်၊ ရန်ကုန်မြို့တို့တွင် တင်ဒါပုံစံ(၁)စောင်လျှင် ကျပ်၅,၀၀၀/-(ကျပ်ငါးထောင်တိတိ) ဖြင့် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းမည့်ရက် - ၁၈.၁၀.၂၀၁၈ ရက်နေ့မှ ၁၃.၁၁.၂၀၁၈ ရက်နေ့ထိ (ရုံးချိန်အတွင်း)
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ဗဟိုစက်ပစ္စည်း စာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်
၅။ တင်ဒါဖွင့်မည့်ရက်၊အချိန် - ၁၄.၁၁.၂၀၁၈ ရက်နေ့၊ ၁၃:၀၀ နာရီ
၆။ ဆက်သွယ်ရန်ဖုန်း - ၀၆၇-၄၀၆၀၈၈၊ ၀၆၇-၄၀၆၂၆၅၊ ၀၁-၆၅၁၄၁၂
တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
Tender Rules.pdf | 503.07 KB |