ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
နေပြည်တော်
စာမေးပွဲဖြေဆိုမည့်ရက် ကြေညာခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီး ဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်း (၂၁) နေရာအတွက် လျှောက်လွှာခေါ်ယူမှုအား ၃၀-၉-၂၀၂၄ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်ခဲ့ပြီး ဖြစ်ပါသဖြင့် ရေးဖြေစာမေးပွဲအား ဘာသာရပ် (၁) ခုလျှင် (၂) နာရီ မေးခွန်းဖြင့် အောက်ပါအတိုင်း ဖြေဆိုရမည် ဖြစ်ပါသည်-
စဉ် |
ရက်စွဲ |
အချိန် |
ဘာသာရပ် |
က |
၅-၁၀-၂၀၂၄ |
နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီအထိ |
မြန်မာစာ |
ခ |
၅-၁၀-၂၀၂၄ |
နေ့လယ်(၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ |
အင်္ဂလိပ်စာ |
ဂ |
၆-၁၀-၂၀၂၄ |
နံနက် (၁၀:၀၀)နာရီမှ (၁၂:၀၀) နာရီအထိ |
အထွေထွေဗဟုသုတ |
ဃ |
၆-၁၀-၂၀၂၄ |
နေ့လယ်(၁:၀၀)နာရီမှ (၃:၀၀)နာရီအထိ |
ကွန်ပျူတာ |
၂။ ဖြေဆိုခွင့်ကတ်ပြားများကို ၃-၁၀-၂၀၂၄ ရက်နေ့နှင့် ၄-၁၀-၂၀၂၄ ရက်နေ့တို့တွင် ရုံးချိန် အတွင်း ထုတ်ပေးမည်ဖြစ်ပြီး ရေးဖြေအောင်မြင်သူများနှင့် ယာဉ်မောင်း (၅) ရာထူး၊ လုံခြုံရေး (၅) ရာထူးတို့အတွက် လူတွေ့အရည်အချင်း စစ်ဆေးခြင်းအား ၈-၁၀-၂၀၂၄ ရက်နေ့တွင် ကျင်းပပြုလုပ် မည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
Newspaper.pdf | 182.53 KB |