ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
နေပြည်တော်
လျှောက်လွှာပိတ်ရက်တိုးမြှင့်သတ်မှတ်ကြောင်းကြေညာခြင်း
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်း(၂၈)နေရာအတွက် လျှောက်လွှာခေါ်ယူမှုကို ၁၆-၃-၂၀၂၃ ရက်နေ့ နှင့် ၁၈-၃-၂၀၂၃ ရက်နေ့ မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာတို့တွင် ကြော်ငြာခေါ်ယူခဲ့ပြီး လျှောက်လွှာပိတ်ရက်ကို ၆-၄-၂၀၂၃ ရက်နေ့ သတ်မှတ်ခဲ့ပါသည်။
၂။ အဆိုပါကြော်ငြာအရ လျှောက်လွှာပိတ်ရက် ၆-၄-၂၀၂၃ ရက်နေ့အစား ၂၈-၄-၂၀၂၃ ရက်နေ့ အထိ တိုးမြှင့်သတ်မှတ်ပါသည်။ ရေးဖြေစာမေးပွဲကို ဘာသာရပ် (၁) ခုလျှင် (၂) နာရီ မေးခွန်းဖြင့် ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနတွင် အောက်ပါအတိုင်း ဖြေဆိုရမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ပါသည်-
စဉ် |
ရက်စွဲ |
အချိန် |
ဘာသာရပ် |
က |
၆-၅-၂၀၂၃ |
နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀) နာရီအထိ |
မြန်မာစာ |
ခ |
၆-၅-၂၀၂၃ |
နေ့လယ်(၁၂:၀၀)နာရီမှ (၁၄:၀၀)နာရီအထိ |
အင်္ဂလိပ်စာ |
ဂ |
၇-၅-၂၀၂၃ |
နံနက် (၀၉:၀၀)နာရီမှ (၁၁:၀၀)နာရီအထိ |
အထွေထွေဗဟုသုတ |
၃။ ဖြေဆိုခွင့်ကတ်ပြားများကို ၄-၅-၂၀၂၃ ရက်နေ့နှင့် ၅-၅-၂၀၂၃ ရက်နေ့တို့တွင် ရုံးချိန်အတွင်း ထုတ်ပေးမည်ဖြစ်ကြောင်းနှင့် ရေးဖြေအောင်မြင်သူများကို ၈-၅-၂၀၂၃ ရက်နေ့တွင် လူတွေ့ အရည်အချင်းစစ်ဆေးခြင်းနှင့် ကွန်ပျူတာလက်တွေ့စစ်ဆေးခြင်းတို့ကို ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
New Staff (28) Date Change.pdf | 82.89 KB |