စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏ (၁/၂၀၁၉)ကြိမ်မြောက် အစည်းအဝေးကို ၁၆-၅-၂၀၁၉ ရက်နေ့(၁၃:၀၀)နာရီတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၆) အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ ၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ပြီး သဘာပတိအဖြစ် စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၊ အတွင်းရေးမှူး၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တာဝန်ယူ ဆောင်ရွက်ခဲ့ပါသည်။
အစည်းအဝေးတွင် နိုင်ငံတော်စီးပွားရေးရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရုံး ဖွဲ့စည်းပုံ(၁)ခု၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အဆိုပြုတင်ပြလာသည့် ဖွဲ့စည်းပုံ(၄)ခုနှင့် ပညာရေး ဝန်ကြီးဌာနမှ အဆိုပြုတင်ပြလာသည့် ဖွဲ့စည်းပုံ(၁)ခု၊ စုစုပေါင်း အဆိုပြုဖွဲ့စည်းပုံ (၆)ခုကို ထောက်ခံ ဆွေးနွေးခဲ့ပါသည်။
စီမံကိန်းနှင့်ဖွဲ့စည်းပုံစိစစ်ရေးအဖွဲ့၏(၁/၂၀၁၉)ကြိမ်မြောက်အစည်းအဝေးကျင်းပ နေပြည်တော်၊ မေ ၁၆
, ,