စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
စီမံကိန်းစိစစ်ရေးနှင့်တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန
အသိပညာဖလှယ်ရေး အစီအစဉ် (Knowledge Sharing) ကျင်းပပြုလုပ်ခြင်း
(နေပြည်တော်၊ စက်တင်ဘာလ ၂၆ ရက်)
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပေကျင်းမြို့၊ Beijing Normal University တွင် စီးပွားရေး လုပ်ငန်းစီမံခန့်ခွဲမှုမဟာဘွဲ့သင်တန်းသို့ တက်ရောက်ခဲ့သည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်နီလာဝင်းသည် ၎င်း၏ မဟာဘွဲ့သင်တန်း တက်ရောက်ခဲ့သည့် အတွေ့အကြုံများအား ပြန်လည်မျှဝေသည့် အသိပညာ ဖလှယ်ရေး အစီအစဉ် (Knowledge Sharing)ကို ၂၆-၉-၂၀၂၄ ရက်နေ့ နေ့လယ်(၂:၄၅) နာရီတွင် ရုံးအမှတ်(၃၂) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အသိပညာဖလှယ်ရေးအစီအစဉ် (Knowledge Sharing)အခမ်းအနားတွင် ဒေါ်နီလာဝင်းမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ပညာသင်ကြားခဲ့မှု၊ ရရှိခဲ့သည့် အတွေ့အကြုံများ၊ သင်ယူခဲ့သည့် ဘာသာရပ်များ၊ လေ့လာရေးခရီးစဉ်များ၊ ဘွဲ့ယူစာတမ်းများ စသည်တို့နှင့် ပတ်သက်၍ ဆွေးနွေး ပြောကြားခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များမှ ဖြည့်စွက် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်း ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနရှိ အရာထမ်း၊ အမှုထမ်း(၁၁၁)ဦး တက်ရောက်ခဲ့ကြပါသည်။