မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့၊ မွန်းလွဲ(၂:၃၀)နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဉီးဆန်းမြင့်မှ မြန်မာနေထိုင်မှု အခြေ အနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး အစည်း အဝေးသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့် ပုဂ္ဂိုလ်များ၊ မန္တလေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၈၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)