တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့တွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်မှ (၂၃) ရက်နေ့အထိ ကျင်းပခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်သို့ ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းဇော် ဦးဆောင်သောအဖွဲ့ တက်ရောက်ခဲ့ပါသည်။
အဆိုပါဖိုရမ်သို့ အာဆီယံအတွင်းရေးမှူးရုံး၊ အာဆီယံနိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ အမျိုးသားစာရင်းအင်းဗျူရို၊ အပြည်ပြည်ဆိုင်ရာစာရင်းအင်းကျွမ်းကျင်သူများ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ စာရင်းအင်းဆိုင်ရာအဖွဲ့အစည်းများနှင့် တက္ကသိုလ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါသည်။
ဖိုရမ်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား စာရင်းအင်းဆိုင်ရာ ဆန်းသစ်တီထွင်ခြင်းမှတစ်ဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ဆောင်ရွက်ရန်၊ စာရင်းအင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အတွေ့အကြုံများအား မျှဝေရန်နှင့် စာရင်းအင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန် ရည်ရွယ်ပါသည်။
သတင်းစဉ်