၂၀၁၈ခုနှစ်၊မေလ(၂၆)ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ စာရင်းအင်းဥပဒေရှင်းလင်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)နှင့် စာရင်း အင်းအချက်အလက်များမှန်ကန်ရေးနှင့် အရည်အသွေးပြည့်ဝရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် အစည်းအဝေးကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးများ၊ ဗဟိုစာရင်းအင်း အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်၊ ရှမ်းပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ် တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီမြင့်နှင့် ဝန်ထမ်းများ၊ ပြည်နယ်အဆင့် ဖိတ်ကြားထားသော ဌာန ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ စုစုပေါင်း(၈၅)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
အစည်းအဝေးတွင် ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထိုနောက် ဗဟိုစာရင်းအင်းအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်မှ စာရင်းအင်း ဥပဒေအားရှင်းလင်းခြင်း၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုပန်းတိုင်များ(SDGs)နှင့် စာရင်းအင်း အချက်အလက်များမှန်ကန်ရေးနှင့်အရည်အသွေးပြည့်ဝရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေနွေးပြောကြားခဲ့ကာ တက်ရောက်လာသူများမှ သိလိုသည်များ အပြန်အလှန်ဆွေးနွေးကြပြီး အစည်းအဝေးကို နေ့လည် ၁၂:၃၀တွင် ရုပ်သိမ်းခဲ့ပါသည်။
(သတင်းစဉ်)
၂၀၁၈ ခုနှစ်၊ မေလ (၂၆) ရက်