တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်မျိုးသားလုံးဆိုင်ရာစာရင်းအင်းလုပ်ငန်းအဖွဲ့ (National Accounts Cluster) ဥက္ကဋ္ဌ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၁၂-၁၁-၂၀၂၄ ရက် (အင်္ဂါနေ့)၊ (၁၃:၀၀) နာရီတွင် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အစည်းအဝေးတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ပထမ (၆) လပတ် အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြမည့် အချက်များနှင့်စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ပါသည်။
အစည်းအဝေးသို့ တစ်မျိုးသားလုံးဆိုင်ရာ စာရင်းအင်းလုပ်ငန်းအဖွဲ့ (National Accounts Cluster)အဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသည့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များနှင့် စီမံကိန်း ရေးဆွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများ စုစုပေါင်း (၄၅) ဦး တက်ရောက်ခဲ့ပြီး အစည်းအဝေးကို (၁၄:၃၀) နာရီတွင် ရုပ်သိမ်းပါသည်။