လူငယ်ကဏ္ဍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲ

, ,

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် လူငယ်ဝန်ထမ်းများ၏ အင်္ဂလိပ်စာစွမ်းရည်တိုးတက်စေရေးအတွက်ရည်ရွယ်၍  လူငယ်ကဏ္ဍအင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲကို “Honesty  is  the  Best  Policy” ခေါင်းစဉ်ဖြင့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်၊ ၁၃:၀၀ နာရီမှ ၁၄:၀၀ နာရီထိ ဤဦးစီးဌာန၊ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး ဦးစီးကော်မတီဝင်များနှင့် အသက် ၃၅ နှစ်အောက် လူငယ်ဝန်ထမ်း (၅၅)ဦး ပါဝင်တက်ရောက်ခဲ့ပါသည်။

လူငယ်ကဏ္ဍ အင်္ဂလိပ်စကားပြောစွမ်းရည်ပြိုင်ပွဲတွင် လူငယ်ဝန်ထမ်း (၅) ဦးပါဝင်  ဝင်ရောက်ယှဉ်ပြိုင်ရာ ဒေါ်သန္တာကြည် (ပထမဆု)၊ ဒေါ်ခင်ပြည့်ပြည့်ဖြိုး (ဒုတိယဆု)၊ ဒေါ်မို့မို့အောင် (တတိယဆု)၊ ဦးရဲမင်းထွေး (နှစ်သိမ့်ဆု) နှင့် ဒေါ်သဉ္စာထူးလွင် (နှစ်သိမ့်ဆု)  တို့  အသီးသီးရရှိခဲ့ပြီး ဆုများကို  ကဏ္ဍဆိုင်ရာ   ညွှန်ကြားရေးမှူးများက ချီးမြှင့်ခဲ့ပါသည်။