၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနများတွင် ၂-၁၂-၂၀၂၃ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လူတွေ့ဖြေဆိုခွင့် ရရှိသူများစာရင်းကို ပူးတွဲပါအတိုင်း ထုတ်ပြန်လိုက်သည်။
၂။ လူတွေ့ဖြေဆိုခွင့် ရရှိသူများကို အောက်ပါနေ့ရက်များတွင် ရေးဖြေ ဖြေဆိုခဲ့သည့် သက်ဆိုင်ရာစာစစ်ဌာနများ၌ လူတွေ့စစ်ဆေးမည် ဖြစ်ပါသည်-
ဖြေဆိုရမည့်ရက် နေရာ အချိန်
၂၂-၁၂-၂၀၂၃(သောကြာနေ့) ရေးဖြေဖြေဆိုခဲ့သည့် သက်ဆိုင်ရာ ဝ၉:၀၀နာရီမှ ၁၆:၀၀နာရီ
စာစစ်ဌာနများ
၂၃-၁၂-၂၀၂၃(စနေနေ့) ရေးဖြေဖြေဆိုခဲ့သည့် သက်ဆိုင်ရာ ဝ၉:၀၀နာရီမှ ၁၆:၀၀နာရီ
စာစစ်ဌာနများ
၃။ ထို့ပြင် လူတွေ့ဖြေဆိုရာတွင် ကွန်ပျူတာကျွမ်းကျင်မှုကို တစ်ပါတည်း စစ်မေးသွားမည် ဖြစ်ပါသည်။
၄။ လူတွေ့စစ်ဆေးမှုခံယူရန်အတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ရုံးအမှတ်(၁)နေပြည်တော် နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် စာစစ်ဌာနများသို့ ၂၁-၁၂-၂၀၂၃ ရက်နေ့တွင် ရုံးချိန်အတွင်း သတင်းပို့ကြရန်နှင့် လူတွေ့ဖြေဆိုရာတွင် အောက်ပါတို့ကို တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်-
(က) ဘွဲ့လက်မှတ်မူရင်း
(ခ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်အောင်လက်မှတ်(သို့မဟုတ်)
အခြေခံပညာအထက်တန်း အောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ် မူရင်း
၅။ အသေးစိတ်သိရှိလိုပါက နေပြည်တော်(ရုံးချုပ်) ဖုန်း ၀၆၇-၃၄၀၇၀၂၀/၃၄၀၇၅၁၇ နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်စီမံကိန်းဦးစီးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Attachment | Size |
---|---|
လူတွေ့ဖြေဆိုခွင့်ရရှိသူများစာရင်း.pdf | 2.7 MB |