အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပ

နေပြည်တော်  ဖေဖော်ဝါရီ  ၂၀
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ (၁/၂၀၂၄) ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ နေ့လယ်ပိုင်းတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃၂) အစည်းအဝေးခန်း၌ ကျင်းပခဲ့ပါသည်။
အစည်းအဝေးသို့ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်းတို့မှ အဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
ရှေးဦးစွာ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက အဖွင့်အမှာစကား ပြောကြားရာတွင် MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့၏ အစည်းအဝေးများကို (၂)လ (၁)ကြိမ် ပုံမှန်ကျင်းပလေ့ရှိရာ ယခုအစည်းအဝေးသည် ၂၀၂၄ ခုနှစ်အတွက် ပထမအကြိမ်ကျင်းပသည့် အစည်းအဝေးဖြစ်ကြောင်း၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေး အဖွဲ့၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ အဖွဲ့ဝင်များမှ ပေးပို့တင်ပြ လာသော ကွင်းဆင်းသင့်သည့် လုပ်ငန်းများအနက် လုပ်ငန်း(၂)ခုကို ပဏာမရွေးချယ်ထားကြောင်း၊ ကွင်းဆင်းလေ့လာခြင်းဖြင့် MSME လုပ်ငန်းများ၏ လက်တွေ့လုပ်ဆောင်ချက်များ၊ ကြုံတွေ့ နေရသည့်အခက်အခဲများ၊ ချိတ်ဆက်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို သိရှိနိုင်မည်ဖြစ်ကြောင်း၊ ကွင်းဆင်းရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနတို့ပါဝင်သည့်  “ကနဦးလေ့လာသုံးသပ်ရေးလုပ်ငန်းအဖွဲ့”က ဦးဆောင်၍ ကျန်အထောက်အကူပြု လုပ်ငန်းအဖွဲ့(၃)ဖွဲ့က အနည်းဆုံး အဖွဲ့ဝင်(၁)ဦးစီ လိုက်ပါဆောင်ရွက်စေလိုကြောင်း၊ အထောက်အကူပြု လုပ်ငန်းအဖွဲ့များအလိုက် တင်ပြထားသည့် အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ယခုအစည်းအဝေးတွင် အကျဉ်းချုပ် ဆွေးနွေးကြရန်နှင့် ဆက်လက်တင်ပြရန်ရှိသည့် အစီရင်ခံစာများကိုလည်း Work Schedule နှင့်အညီ အချိန်မီတင်ပြသွားရန်ဖြစ်ကြောင်း၊ MSME ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ အစည်းအဝေးတွင် လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာနှင့် MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် လေ့လာသုံးသပ်ချက်များကို တင်ပြနိုင်ရေး ဆက်လက်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး အဖွဲ့အနေဖြင့် ဆက်လက်ဆောင်ရွက်သင့်သည်များကိုလည်း ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန်ဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေး ရုံးလုပ်ငန်းအဖွဲ့က လုပ်ငန်းသုံးသပ်မှု အစီရင်ခံရေးအဖွဲ့၏ (၆/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အထောက်အကူပြုလုပ်ငန်းအဖွဲ့များက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက် ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပါသည်။ 
ဆက်လက်၍ အထောက်အကူပြုလုပ်ငန်းအဖွဲ့ (၄)ဖွဲ့က အဖွဲ့တစ်ခုချင်းအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ တင်ပြထားသည့်အစီရင်ခံစာများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပါသည်။
ထို့နောက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းသုံးသပ်မှုအစီရင်ခံရေးအဖွဲ့ ဥက္ကဋ္ဌ ဒုတိယဝန်ကြီးက အထောက်အကူပြု လုပ်ငန်းအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် အစီရင်ခံစာများကို  ယခုကဲ့သို့မျှဝေခြင်းသည် ကောင်းမွန် ပါကြောင်း၊ အခြားအဖွဲ့ဝင်များမှ လိုအပ်ချက်၊ အကြံပြုချက်များကို မှတ်ချက်ပြုကြသဖြင့် လုပ်ငန်းဆောင်ရွက်ချက်များသည် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ သက်ရောက်မှုများအား ဆန်းစစ်သုံးသပ်ရေး လုပ်ငန်းအဖွဲ့အနေဖြင့် MSME လုပ်ငန်းများ၏ သက်ရောက်မှုများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုလျော့ပါးစေရေး နည်းလမ်းများနှင့်စပ်လျဉ်း၍ ပိုမိုပြည့်စုံကောင်းမွန်စေရေး အတွက် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများ လေ့လာသုံးသပ်ရေး လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာသည် နိုင်ငံ၏ စီးပွားရေးအခြေ အနေများနှင့် ချိတ်ဆက်မှုရှိသဖြင့် သတိပြုတွက်ချက် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ အဖွဲ့အစည်း များ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ သုံးသပ်ရေးလုပ်ငန်းအဖွဲ့အနေဖြင့် ဖိလစ်ပိုင်နိုင်ငံရှိ MSME ကဏ္ဍတွင် ဆောင်ရွက်နေသည့် အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ လေ့လာတွေ့ရှိချက် အစီရင်ခံစာတွင် MSME လုပ်ငန်းများ၏ အားသာချက်၊ အားနည်းချက်များကို မြန်မာနိုင်ငံနှင့် နှိုင်းယှဉ်တင်ပြချက်များတွင် အချက်အလက်များ ခိုင်မာပြည့်စုံမှုရှိစေရေး အလေး ထားဆောင်ရွက်ရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။              
သတင်းစဉ်

,