(၁) တရားမဝင် ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာထိခိုက်ခြင်း၊ တရားမဝင်ကုန်သွယ်မှုကြောင့် တရားဝင်လုပ်ကိုင်နေသော လုပ်ငန်း များကို အဟန့်အတားဖြစ်စေခြင်း၊ တရားမဝင်ကုန်ပစ္စည်းများဝင်ရောက်နေသည့် အတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအနေဖြင့် တရားမဝင် ကုန်စည်များနှင့် ပြိုင်ဆိုင်ရောင်းချနိုင်စွမ်းနည်းပြီး ရေရှည်ရပ်တည်ရန် ခက်ခဲလာခြင်းတို့ ကြောင့် တရားမဝင်ကုန်သွယ်မှုလုပ်ငန်းများ တားဆီးထိန်းချုပ်နိုင်ရေးလုပ်ငန်းစဉ်များ၌ ပြည်သူလူထုတစ်ရပ်လုံး ပူးပေါင်းပါဝင်မှသာ ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဖြစ်ပါ သည်။
(၂) တရားမဝင်တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီး ပစ္စည်းများအပေါ် ရွေးယူဒဏ်ငွေတပ်ရိုက်ခြင်း သို့မဟုတ် လေလံတင်ရောင်းချခြင်းမှ ရရှိငွေ၏ ၃၀ ရာခိုင်နှုန်း အား ဖမ်းဆီးသူများအားလည်းကောင်း၊ ၂၀ ရာခိုင်နှုန်းအား သတင်းပေးသူများအားလည်း ကောင်း ပြည်ထောင်စုအစိုးရအဖွဲ့၏ အမိန့်ကြော်ငြာစာအမှတ် ၇၀/၂၀၂၀ လုပ်ထုံး လုပ်နည်းနှင့်အညီ ဆုငွေချီးမြှင့်လျက်ရှိပါသည်။
(၃) တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၁၇-၁၂-၂၀၂၁ ရက်နေ့မှ ၃၁-၁၂-၂၀၂၂ ရက်နေ့အထိ တရားမဝင်ကုန်ပစ္စည်းများ တားဆီး/ဖမ်းဆီးမှုများ အနက် ဆုငွေချီးမြှင့်ရန် အတည်ပြုပြီးသည့်အမှုတွဲ (၇၉၂)မှု မှ အမှုတွဲ (၆၄၆)မှုအတွက် ဖမ်းဆီးသူနှင့်စုံစမ်းထောက်လှမ်းသည့်အဖွဲ့အစည်းများအား ဆုငွေကျပ် (၁၂၀၀.၈၇၃) သန်း၊ တရားမဝင်ကုန်သွယ်မှုများနှင့်ပတ်သက်၍ သတင်းပေးတိုင်ကြားခဲ့သည့် အမှုများအတွက် သတင်းပေးဆုငွေကျပ် (၆၆.၀၂၇) သန်းတို့ကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် သတင်းပေးသူများအားဆုငွေထုတ်ပေးချီးမြှင့်ပြီးဖြစ်ပါသည်။ ကျန်ရှိသည့်ဆုငွေအတည်ပြု အမှုတွဲ (၁၄၆) မှုအတွက် ဖမ်းဆီးဆုငွေနှင့် သတင်းပေးဆုငွေ အမြန်ဆုံးဆုငွေ ထုတ်ပေး ချီးမြှင့်နိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ ကျန်တားဆီး/ဖမ်းဆီးအမှုတွဲများကိုလည်းဆုငွေ အတည်ပြုချီးမြှင့်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက် ရှိပါသည်။
(၄) တရားမဝင် တင်သွင်း/တင်ပို့မှုများနှင့်ပတ်သက်၍ တားဆီး/ဖမ်းဆီးနိုင်သည့် သတင်း အချက်အလက် တိတိကျကျဖေါ်ပြ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များထံသို့ တရားမဝင် တင်သွင်း/တင်ပို့ခြင်းအား ဖမ်းဆီးနိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် သတင်းပေးဆက်သွယ်တိုင်ကြားနိုင်ရေး အတွက် လျှို့ဝှက်လုံခြုံစွာ သတင်းပေးနိုင်သည့် ဖုန်းနံပါတ်များအား ထုတ်ပြန်ကြေညာ ထားပြီးဖြစ်ပါသည်။
(၅) သတင်းပေးပို့သူနှင့် ပတ်သက်သော အချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းထားရှိ မည်ဖြစ်ပါသည်။ သတင်းပေးပို့ခြင်းအတွက် ရရှိမည့်ဆုငွေများအား လျှို့ဝှက်စွာဆက်သွယ် အကြောင်းကြား၍ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ဆက်သွယ်ထုတ်ပေးသွားမည့် အပြင် သတင်းပေးသူအား လျှို့ဝှက်ထားရှိမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနမှ သတင်း ရရှိပါသည်။