အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Submitted by admin on Wed, 06/21/2017 - 16:02စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်အောက်ဖော်ပြပါဆောက်လုပ်ရေးလုပ်ငန်းများဆောက်လုပ်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၌ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင်အောက်ဖော်ပြပါဆောက်လုပ်ရေးလုပ်ငန်းများဆောက်လုပ်နိုင်ရန် အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်-
(က) ရန်ကုန်၊ ပစ္စည်းထိန်းဌာနခွဲတွင် မော်တော်ယာဉ်(၂၀)စီးဆံ့ ကားပါကင်(၁)ခုဆောက်လုပ်ခြင်းလုပ်ငန်း၊
(ခ) ရန်ကုန်၊ပစ္စည်းထိန်းဌာနခွဲတွင်ယာဉ်သိုလှောင်ရုံ(၂)လုံးတွဲ(၂)လုံးအမိုး၊အကာအကြီးစားပြုပြင်ခြင်းလုပ်ငန်း၊
(ဂ) နေပြည်တော်၊ ရုံးအမှတ်(၃၂)တွင် Bus Stand နှင့်လူသွားစင်္ကြန်ဆောက်လုပ်ခြင်းလုပ်ငန်း၊
၂။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များကိုရုံးအမှတ်(၃၂)၊ နေပြည်တော်၊ ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာနနှင့်ပစ္စည်းထိန်းဌာနခွဲ၊သဇင်ရုံလမ်း၊(၅)ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်မြို့တို့တွင်တင်ဒါပုံစံ(၁)စောင်လျှင် ကျပ်၅,ဝ၀ဝ/-(ကျပ်ငါးထောင်တိတိ) ဖြင့် ဝယ်ယူနိုင်ပါသည်။
၃။ တင်ဒါပုံစံရောင်းမည့်ရက် - ၁၉.၄.၂၀၁၇ ရက်နေ့မှ၉.၅.၂၀၁၇ရက်နေ့ထိ(ရုံးချိန်အတွင်း)
၄။ တင်ဒါတင်သွင်းရမည့်နေရာ - ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန၊ ရုံးအမှတ် (၃၂)၊ နေပြည်တော်
၅။ တင်ဒါဖွင့်မည့်ရက်၊အချိန် - ၁၁.၅.၂၀၁၇ရက်နေ့၊ ၁၃:ဝ၀ နာရီ
၆။ ဆက်သွယ်ရန်ဖုန်း - ဝ၆၇-၄၀၆၀၈၈၊ဝ၆၇-၄၀၆၂၆၅၊ဝ၁-၆၅၁၀၃၉
တင်ဒါစိစစ်ရွေးချယ်ရေးကော်မတီ
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့်စစ်ဆေးရေးဦးစီးဌာန
Attachment | Size |
---|---|
rules and detail.pdf | 2.32 MB |