စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ရုံး အိတ်ဖွင့်တင်ဒါ(Open Tender) ခေါ်ယူခြင်း
Submitted by site_administrator on Mon, 09/30/2019 - 06:24၁။ ၂၀၁၉-၂၀၂၀ ခု၊ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်အယူခံခုံအဖွဲ့ရုံး ရုံးအဆောက်အဦသစ် RC(၂)ထပ် (ငလျင်ဒဏ်ခံ အဆောက်အဦ) တည်ဆောက်ရေးအကြို အင်ဂျင် နီယာလုပ်ငန်းများ (Pre-Engineering Works)နှင့် ရုံးအဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်း များကို ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်လိုပါ၍ မြန်မာနိုင်ငံသားလုပ်ငန်းရှင် ကုမ္ပဏီများသည် သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့် တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
တင်ဒါပုံစံရောင်းချမည့်ရက် - ၄-၁၀-၂၀၁၉
တင်ဒါပိတ်မည့်ရက်/အချိန် - ၃-၁၁-၂၀၁၉
တင်ဒါတင်သွင်းရမည့်နေရာ - အခွန်အယူခံခုံအဖွဲ့ရုံး၊ ရုံးအမှတ်(၄၆)၊ နေပြည်တော်။
တည်ဆောက်ရေးအကြို အင်ဂျင်နီယာလုပ်ငန်းများ (Pre-Engineering Works)
၂။ အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ရပါမည်-
(က) Site Survey ဆင်း၍ စီမံကိန်းလုပ်ငန်းခွင်တည်နေရာ ပြပုံစံ( Site Plan )နှင့် အဆောက် အဦအကွက်ချပုံစံ( Master Plan )တို့ ရေးဆွဲပုံထုတ်ခြင်း။
(ခ) မြေသားခံနိုင်အားစမ်းသပ်ခြင်း(Soil Test)။
(ဂ) ဗိသုကာပုံစံ(Architectural Drawings) နှင့် ပုံထုတ်ဒီဇိုင်းပုံစံ(Structural Drawings) (မြို့ပြ + ရေသန့် + လျှပ်စစ်) များ ပြုစုရေးဆွဲခြင်း။
(ဃ) Structural design ရေးဆွဲခြင်း {Structural design ရေးဆွဲခြင်းတွင် Loading ပိုင်း၌ gravity load အပြင် lateral load (wind load – 80 mph နှင့် Earthquate Load- Richter Scale 8.5 magnitude) ကိုပါ ထည့်သွင်းတွက်ချက်ရပါမည်။}
ရုံးအဆောက်အဦသစ် တည်ဆောက်ခြင်းလုပ်ငန်းများ
၃။ စတုရန်းပေ (၆၀၉၁၂) ရှိသော ရုံးအဆောက်အဦသစ် RC (၂) ထပ် ( ၁ ) လုံး (ငလျှင်ဒဏ်ခံ
အဆောက်အဦ) (Earthquate Resistant Structure) ဆောက်လုပ်ခြင်းလုပ်ငန်းများ။
၄။ Conceptual drawings ကို ဌာနမှ ထုတ်ပေးပါမည်။ အသေးစိတ်သိရှိလိုပါက ဦးကျော်ဆန်း၊
ညွှန်ကြားရေးမှူး၊ ဖုန်းနံပါတ်-၀၆၇-၃၄၃၀၀၄၅ နှင့် ၀၆၇-၃၄၃၀၁၇၁ တို့သို့ ရုံးချိန်အတွင်း မေးမြန်းစုံစမ်း
နိုင်ပါသည်။