စင်ကာပူနိုင်ငံ၊ Crowne Plaza Changi Airport ဟိုတယ်၌ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဒေသတွင်းဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကိုကျင်းပခ
SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးလုပ်ငန်း၊ နည်းပညာ စီမံခန့်ခွဲမှု ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈) ကျင်းပပြုလုပ်
နေပြည်တော် ဇန်နဝါရီ ၈
၂၀၁၈ ခုနှစ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ် များမှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ပြီး လုပ်ငန်းများမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်- SDGs (၁၇) ချက်တို့အပေါ် အခြေခံကာ လယ်ယာကဏ္ဍနှင့် SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးနှစ် စတင်မည့် ၆ လတာကာလတွင် လုပ်ငန်းသစ်များ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းအသစ်များ ရှိလျင်လည်း ဆွေးနွေး ပြောကြား ရန် ဖြစ်ကြောင်းဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၏ (၁/၂၀၁၈) ကြိမ်မြောက် လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။