ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်သင်တန်း (၂/၂၀၂၄)မှ သင်တန်းသား (၂၀)ဦး သည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန (ရုံးချုပ်)သို့ (၈-၁၁-၂၀၂၄)ရက်၊ မွန်းလွဲ(၁၄:၀၀) နာရီအချိန်တွင် လာရောက်လေ့လာခဲ့ကြရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးမင်းကြည်ဝင်းက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်မှ ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများကို Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ သင်တန်းသားများသည် အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်ဦးစီးဌာန၏ သက်ဆိုင်ရာဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများကို (၁၅:၁၅) နာရီအထိ လှည့်လည်လေ့လာကြည့်ရှုခဲ့ကြပါသည်။