လူငယ်လေ့လာရေးအစီအစဉ်မှ ထူးချွန်လူငယ်မောင်မယ်များ လာရောက်လေ့လာခြင်း

မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်အင်အား (၂၅၀)ဦးတို့သည့် လူငယ်လေ့လာရေးအစီအစဉ်အနေဖြင့် ၁၄-၈-၂၀၂၄ ရက်နေ့ (၁၅း၀၀)နာရီအချိန်တွင် အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနသို့ လာရောက် လေ့လာခဲ့ကြပါသည်။ အဆိုပါ လူငယ်လေ့လာရေးအဖွဲ့အား ညွှန်ကြားရေးမှူးချုပ် မှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မော်ကွန်းဌာနခွဲ တာဝန်ခံညွှန်ကြားရေးမှူးမှ ဤဦးစီးဌာန၏ သမိုင်းကြောင်းနှင့် လုပ်ငန်းဆောင်ရွက်ချက်များကို Power Point ဖြင့် ရှင်းလင်းပြသခဲ့ပါသည်။ လူငယ်များအနေဖြင့်  မော်ကွန်းပြခန်း၊ မော်ကွန်းသိမ်းဆည်းခန်း၊ မော်ကွန်းမှတ်တမ်းများအား ပြုပြင်ချုပ်လုပ်ဆောင်ရွက်ခြင်းနှင့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင်ထိန်းသိမ်းသည့် လုပ်ငန်းစဉ်များကို လေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနခွဲတာဝန်ခံနှင့် ဝန်ထမ်းများမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

, , , , , ,