မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ(၂၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် မကွေးတိုင်းဒေသကြီး၊ မြို့နယ်စုပေါင်းရုံးခန်းမ၌ ကျင်းပခဲ့ရာ မကွေးတိုင်းဒေသကြီး၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင် သာယာရေးဝန်ကြီး ဦးဇော်မင်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသန်းဇော်မှ မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသည့်ပုဂ္ဂိုလ်များ၊ မကွေးတိုင်းဒေသကြီး၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများ အပါအဝင် စုစုပေါင်း(၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)