မြန်မာနေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာ မိတ်ဆက်ပွဲ အခမ်းအနားကို ၂၀၁၉ ခုနှစ်၊ မတ်လ(၁၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီတွင် ရှမ်းပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးစိုးညွန့်လွင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ထို့နောက် ဗဟိုစာရင်းအင်းအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဉီးသန်းဇော်မှ မြန်မာ နေထိုင်မှုအခြေအနေစစ်တမ်း(၂၀၁၇) အဓိကညွှန်ကိန်းများအစီရင်ခံစာနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများမှ သိလိုသည်များကို ပြန်လည်ဆွေးနွေး တင်ပြခဲ့ကြပါသည်။
အစည်းအဝေးသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ဖိတ်ကြားထား သည့်ပုဂ္ဂိုလ်များ၊ ရှမ်းပြည်နယ်၊ ဗဟိုစာရင်းအင်းအဖွဲ့မှ ဝန်ထမ်းများအပါအဝင် စုစုပေါင်း(၁၀၅)ဦး ခန့် တက်ရောက်ခဲ့ကြပါသည်။
(သတင်းစဉ်)