၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနက နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာစစ်ဌာနများတွင်
၂၆-၁၁-၂၀၂၂ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည့် ဒုတိယဦးစီးမှူး (လစာနှုန်းကျပ် ၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) ရာထူးနေရာများအတွက် လူတွေ့
ဖြေဆိုခွင့် ရရှိသူများစာရင်းကို ပူးတွဲ ပါအတိုင်း ထုတ်ပြန်လိုက်သည်။
၂။ လူတွေ့ဖြေဆိုခွင့် ရရှိသူများကို အောက်ပါနေ့ရက်များတွင် ရေးဖြေဖြေဆိုခဲ့သည့် သက်ဆိုင်ရာ စာစစ်ဌာနများ၌ လူတွေ့
စစ်ဆေးမည် ဖြစ်ပါသည်-
ဖြေဆိုရမည့်ရက် နေရာ အချိန်
၂၃-၁၂-၂၀၂၂(သောကြာနေ့) ရေးဖြေဖြေဆိုခဲ့သည့် သက်ဆိုင်ရာ ဝ၉း၀၀နာရီမှ ၁၆း၀၀နာရီ
စာစစ်ဌာနများ
၂၄-၁၂-၂၀၂၂(စနေနေ့) ရေးဖြေဖြေဆိုခဲ့သည့် သက်ဆိုင်ရာ ဝ၉း၀၀နာရီမှ ၁၆း၀၀နာရီ
စာစစ်ဌာနများ
၃။ ထို့ပြင် လူတွေ့ဖြေဆိုရာတွင် ကွန်ပျူတာကျွမ်းကျင်မှုကို တစ်ပါတည်း စစ်မေးသွားမည် ဖြစ်ပါသည်။
၄။ လူတွေ့စစ်ဆေးမှုခံယူရန်အတွက် စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ရုံးအမှတ်(၁)နေပြည်တော် နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်
စာစစ်ဌာနများသို့ ၂၁-၁၂-၂၀၂၂ ရက်နေ့တွင် ရုံးချိန် အတွင်း သတင်းပို့ကြရန်နှင့် အောက်ပါတို့ကို တစ်ပါတည်း ယူဆောင်လာရမည်ဖြစ်ပါသည်-
(က) ဘွဲ့လက်မှတ်မူရင်း
(ခ) အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်အောင်လက်မှတ်(သို့မဟုတ်)
အခြေခံပညာအထက်တန်း အောင်လက်မှတ်မူရင်း
(ဂ) နိုင်ငံသားစိစစ်ရေးကတ် မူရင်း
(ဃ) Covid-19ကာကွယ်ဆေး အနည်းဆုံး(၂)ကြိမ်ထိုးနှံပြီးစီးကြောင်း အထောက်အထား
၅။ အသေးစိတ်သိရှိလိုပါက နေပြည်တော်(ရုံးချုပ်) ဖုန်း ၀၆၇-၃၄၀၇၀၂၀/၃၄၀၇၅၁၇ နှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်
စီမံကိန်းဦးစီးရုံးများသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။
Attachment | Size |
---|---|
Exam Result.pdf | 396.56 KB |