

ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ မနီလာမြို့တွင် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၁၄ ရက်နေ့အထိ ကျင်းပမည့် (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ် ထိပ်သီး
အစည်းအဝေးများ မတိုင်မီ အာဆီယံစီးပွားရေးဝန်ကြီးများ၏ အကြိုညှိနှိုင်း အစည်းအဝေး၊ (၁၅) ကြိမ်မြောက် အာဆီယံ စီးပွားရေးအသိုက်အဝန်း ကောင်စီအစည်းအဝေး၊ အာဆီယံ-ဂျပန်
စီးပွားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်းအဝေးနှင့် ဒေသတွင်း ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးတို့ကို Marriott Hotel ၌ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပခဲ့ရာ
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ပါဝင် တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးများသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊
ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ပါဝင်သည့် တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျ နှင့် နယူးဇီလန်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ ကိုယ်စားလှယ်များ၊ အာဆီယံဒုတိယ
အထွေထွေအတွင်းရေး မှူးချုပ်နှင့် ဝန်ထမ်းများ စုစုပေါင်း ကိုယ်စားလှယ် (၁၅၀) ဦးခန့် တက်ရောက်ပါသည်။
အဆိုပါအစည်းအဝေးများတွင် အာဆီယံ-ဂျပန် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူ စာချုပ်ကို ပြင်ဆင်သည့် အခြေပြစာချုပ် (မူကြမ်း) ကို အပြီးသတ်ညှိနှိုင်း၍ ၂၀၁၈ ခုနှစ်တွင်
လက်မှတ်ရေးထိုးနိုင်ရေးကိစ္စ၊ ၂၀၁၇ ခုနှစ်အတွင်း ဖိလစ်ပိုင်သမ္မတနိုင်ငံ၊ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်နေစဉ် စီးပွားရေးပိုင်းနှင့်စပ်လျဉ်းပြီး ဦးစားပေး ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း
များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်နိုင်ခဲ့သည့် အာဆီယံစီးပွားရေး အသိုက်အဝန်း အကောင်အထည်ဖော်မှု အခြေအနေနှင့် တိုးတက်မှုများ ၊ ဒေသတွင်း
ဘက်စုံစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညှိနှိုင်းမှုများ အပြီးသတ်နိုင်ရေးအတွက် ရှေ့ဆက်လက်ဆောင်ရွက်ရန် ကိစ္စများနှင့် စပ်လျဉ်းသည့် အကြောင်းအရာများအပေါ် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး
အာဆီယံထိပ်သီး အစည်း အဝေးများကာလအတွင်း နိုင်ငံ့ခေါင်းဆောင်များသို့ တင်ပြမည့် အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ၏ အစီရင်ခံစာ၊ (၃၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး
ကြေညာချက်တွင်ပါဝင်သည့် စီးပွားရေးပိုင်းနှင့်စပ်လျဉ်း၍ အကြောင်းအရာများနှင့် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နှင့်စပ်လျဉ်းသည့် ဆန်းစစ်မှုအစီရင်ခံစာတို့အပေါ်
အတည်ပြုခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးများတက်ရောက်ပြီး ယင်းနေ့ ညနေပိုင်းတွင် Solaire Hotel ၌ ASEAN Business and Investment Summit ကာလအတွင်း ကျင်းပသည့် Forum
on Unleashing Women Economic Power and Human Capital Development သို့ ပါဝင် တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးဝန်ကြီးအဆင့်အစည်းအဝေးများကို တက်ရောက် ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်တက်ရောက်မည့် (၃၁) ကြိမ်မြောက်
အာဆီယံထိပ်သီး အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်တက်ရောက်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။