စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းသည် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် အဖွဲ့သည် ယနေ့နံနက် (၇)နာရီတွင် မြစ်ကြီးနားမြို့မှ ကန်ပိုက်တီမြို့သို့ သွားရောက်ခဲ့ပြီ
မြစ်ကြီးနားမြို့ရှိ လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ SME ချေးငွေကိစ္စရပ်များ ဆွေးနွေး
အာဆီယံစီးပွားရေးအသိုက်အဝန်း (အေအီးစီ) ၂၀၂၅ စီမံချက်ပါလုပ်ငန်းကော်မတီများ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွေ့ကျသော စီမံကိန်းများ ရေးဆွဲရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံ စီးပွားရေးဝန်ကြီးများ သီးသန့် အစည်းအဝေးသို့ တက်ရောက်
SMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးလုပ်ငန်း၊ နည်းပညာ စီမံခန့်ခွဲမှု ကိစ္စများနှင့် စပ်လျဉ်း၍ ညှိနှိုင်း အစည်းအဝေးကျင်းပ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော် ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးများ၏ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၈) ကျင်းပပြုလုပ်
နေပြည်တော် ဇန်နဝါရီ ၈
၂၀၁၈ ခုနှစ်၏ ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေးဖြစ်ရာ တိုင်းဒေသကြီး/ ပြည်နယ် များမှ ၂၀၁၇ ခုနှစ်အတွင်း ဆောင်ရွက်ပြီး လုပ်ငန်းများမှ အားသာချက်၊ အားနည်းချက်များကို ပြန်လည် သုံးသပ်၍ နိုင်ငံတော်၏ စီးပွားရေးမူဝါဒ၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်- SDGs (၁၇) ချက်တို့အပေါ် အခြေခံကာ လယ်ယာကဏ္ဍနှင့် SMEs ကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ဧပြီလ ၁ ရက်နေ့တွင် ဘဏ္ဍာရေးနှစ် စတင်မည့် ၆ လတာကာလတွင် လုပ်ငန်းသစ်များ ဆောင်ရွက်ခြင်းမပြုဘဲ ဆောင်ရွက်ဆဲ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရေးနှင့် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းအသစ်များ ရှိလျင်လည်း ဆွေးနွေး ပြောကြား ရန် ဖြစ်ကြောင်းဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ကျင်းပြုလုပ်သည့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ နေပြည်တော်ကောင်စီဝင်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးများ၏ (၁/၂၀၁၈) ကြိမ်မြောက် လစဉ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။