၁။ COVID-19 ကာကွယ်ဆေးဝယ်ယူရရှိရေးရန်ပုံငွေ၊ နိုင်ငံခြားငွေစာရင်းအမှတ် EDC–600012 ကို မြန်မာ့စီးပွားရေးဘဏ်၊ နေပြည်တော်တွင် ၆-၁-၂၀၂၁ ရက်နေ့တွင် ဖွင့်လှစ်၍ နိုင်ငံတော်မှ အမေရိကန်ဒေါ်လာ၂၅၀သန်း ကို ကနဦးမတည်ထည့်ဝင်ထားပါသည်။ ၂၀-၉-၂၀၂၁ ရက်နေ့ထိ အများပြည်သူမှ လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၃.၁၆၂ သန်း ရှိပြီဖြစ်ပါသည်။
၂။ ၂၀-၉-၂၀၂၁ ရက်နေ့အထိ နိုင်ငံတော်မှ ထည့်ဝင်ငွေနှင့်အများပြည်သူမှ လှူဒါန်းငွေ စုစုပေါင်း
အမေရိကန်ဒေါ်လာ ၂၅၃.၁၆၂ သန်းရှိသည့်အနက် COVID-19 ကာကွယ်ဆေးဝယ်ယူရန် ငွေပေးချေထားမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
|
|
(အမေရိကန်ဒေါ်လာ သန်းပေါင်း) |
(က) |
အိန္ဒိယနိုင်ငံ Serum Institute of India (SII) မှ Covidshield အမှတ်တံဆိပ် ကာကွယ်ဆေး ၃၀ သန်း အတွက် ကြိုတင်ငွေ |
၇၅.၀၀၀ |
(ခ) |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinovac အမှတ်တံဆိပ် ကာကွယ်ဆေး ၂ သန်း အတွက် ပေးချေငွေ |
၁၄.၀၀၀ |
(ဂ) |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ် တံဆိပ်ကာကွယ်ဆေး ၂ သန်း အတွက် ပေးချေငွေ |
၁၄.၀၀၀ |
(ဃ) |
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Sinopharm အမှတ် တံဆိပ်ကာကွယ်ဆေး ၂၄သန်း ဝယ်ယူသည့်အနက် ကာကွယ်ဆေး ၁၂ သန်း အတွက် ပေးချေငွေ |
၇၉.၈၀၀ |
|
စုစုပေါင်း |
၁၈၂.၈၀၀ |
Attachment | Size |
---|---|
COVID-19.pdf | 200.21 KB |