national archive logo

နည်းပညာဖြင့်ပြုပြင်ထိန်းသိမ်းခြင်း

မော်ကွန်းမှတ်တမ်းများကိုနှစ်ကာလတာရှည်စွာထိန်းသိမ်းထားနိုင်ရန်အတွက် မိုက်ကရိုဖလင်/ မိုက်ကရိုဖစ်(ချ်)ရိုက်ကူးခြင်းနှင့် ခေတ်မီနည်းပညာများကိုအသုံးပြုပြီးကွန်ပျူတာဖြင့် ထိန်းသိမ်းခြင်း (Computerization)တို့ကိုဆောင်ရွက်ထားရှိပါသည်။ ၁၉၉၉ခုနှစ်မှ စတင်၍ မော်ကွန်း/မှတ်တမ်း အရှိစာရင်း (Holding List)တို့ကိုE-Library Software ဖြင့် Data ထည့်သွင်းထားသောကြောင့် သုတေသီများအလွယ်တကူအသုံးပြုနိုင်ပါသည်။ ၂၀၀၈ခုနှစ်တွင် E-Library System ကိုUpgrade လုပ်ဆောင်ထားပြီးNational Archives Information System (NAIS) Database ဖြင့် သုတေသီများအလွယ်တကူရှာဖွေဖတ်ရှုနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။

သုတေသီအထောက်အကူပြု လုပ်ငန်းဆောင်ရွက်ချက်

national_archive_collection_06

စာရှာအထောက်အကူပြုနှင့် ရည်ညွှန်းစာဖတ်ခန်းများတွင် ပြည်တွင်း/ပြည်ပကျောင်းသား သုတေသီများ၊ ဌာနဆိုင်ရာသုတေသီများနှင့် ပြင်ပသုတေသီများမှ သုတေသနပြုလိုသော မော်ကွန်း အထောက်အထားနှင့် သတင်းအချက်အလက်များကိုတရားဝင် အထောက်အထားအဖြစ် မှီငြမ်း ကိုးကားနိုင်ရန်အတွက် အထောက်အကူပြုလုပ်ငန်းများကိုဆောင်ရွက်ပေးနေပါသည်။

သုတေသီများအတွက် လေ့လာဖတ်ရှုလိုသော အထောက်အထားများအား အလွယ်တကူ ရှာဖွေဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးထားခြင်း၊ လေ့လာဖတ်ရှုနိုင်ရန် စီစဉ်ပေးထားခြင်း၊ မိတ္တူကူးပေးခြင်း၊ စီဒီဖြင့် ကူးယူပေးခြင်းတို့ကိုဆောင်ရွက်ပေးနေပါသည်။

ပြည်ပသုတေသီများ

နိုင်ငံကူးလက်မှတ်မူရင်း၊ ဓါတ်ပုံ(၂)ပုံ
မှတ်ပုံတင်ကြေးအဖြစ် (၁)နှစ်အတွက် US$(30) နှင့်ညီမျှသောမြန်မာကျပ်ငွေ

ပြည်တွင်းသုတေသီများ

ဓါတ်ပုံ(၂)ပုံ
မှတ်ပုံတင်ကြေးအဖြစ် (၁)နှစ်အတွက် US$(30) နှင့်ညီမျှသောမြန်မာကျပ်ငွေ
မှတ်ချက်- ကျောင်းသား (အခမဲ့)
ပြည်တွင်းသုတေသီများ
သက်ဆိုင်ရာဌာန၏ထောက်ခံချက်ပါရှိရမည်။

ရည်ညွှန်းစာဖတ်ခန်းအသုံးပြုချိန်

ပြန်တမ်းဝင် အစိုးရရုံးပိတ်ရက်များမှအပ
နံနက် (၁၀:၀၀)နာရီမှ ညနေ (၄:၀၀)နာရီ

ပင်လုံစာချုပ်

pin_lon_contract

စစ်သူကြီးမဟာဗန္ဓုလမှ မဏိပူရမင်းသားထံပေးသည့်ပေစာ

letter of mahabandula