စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်

ဘဏ်တည်နေရာ

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ်
အမှတ်(၁၇၀/၁၇၆)၊ ဗိုလ်အောင်ကျော်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊
ရန်ကုန်မြို့။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် ( MICB ) သည် နိုင်ငံပိုင် ငွေရေး ကြေးရေးအဖွဲ့အစည်းတစ်ခုဖြစ်၍ နိုင်ငံတော်ငွေရေးကြေးရေးအဖွဲ့အစည်းဥပဒေ (၁၉၉၀) အရ၊ ပြည်တွင်းဘဏ်လုပ်ငန်းနှင့် နိုင်ငံခြားဘဏ်လုပ်ငန်း ဝန်ဆောင်မှုကို ဆောင်ရွက်ပေးရန် အတွက် ၁၉၉၀ပြည့်နှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် တည်ထောင်ခဲ့ပါသည်။ နိုင်ငံတော်အတွင်း ငွေကြေးအရင်းအမြစ်များစုစည်းပြီး ငွေကြေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးခြင်းဖြင့် (၂၈)နှစ်တာ ကာလအတွင်း ဘဏ်လုပ်ငန်းများတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဘဏ္ဍာရေးနှစ် အလိုက် နိုင်ငံတော်အတွက်လည်း ဝင်ငွေခွန်များ လျာထားပမာဏထက် ပိုမိုထမ်းဆောင်နိုင်ခြင်း၊ ထည့်ဝင်ငွေများ နှစ်စဉ်တိုးမြှင့်ထည့်ဝင်နိုင်ခြင်း၊ စာရင်းပိုင်ရှင်ပြည်သူများအတွက်လည်း တိုးတက် ပြောင်းလဲသော နိုင်ငံတကာဘဏ်လုပ်ငန်းများနှင့်အညီ ဝန်ဆောင်မှုအသစ်များကို စီစဉ်ဆောင်ရွက် ခဲ့ပါသည်။

            MICB သည် တိုးတက်ပြောင်းလဲလျှက်ရှိသော စီးပွားရေးနှင့်ဘဏ္ဍာရေးကဏ္ဍများနှင့် အညီ ပုဂ္ဂလိကပြည်တွင်းဘဏ်လုပ်ငန်းရှင်များနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများအား ထိရောက် လျှင်မြန်သော ဘဏ်ဝန်ဆောင်မှုများဖြင့် ပြည်တွင်းဘဏ်လုပ်ငန်း၊ ကူးသန်းရောင်းဝယ်ရေး ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှုဘဏ်လုပ်ငန်းနှင့် နိုင်ငံတကာပို့ကုန်သွင်းကုန်ဘဏ်လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။