မြန်မာ့အာမခံသည် နိုင်ငံပိုင်အာမခံအဖွဲ့အစည်းဖြစ်ပြီး ၁၉၅၂ ခုနှစ်က စတင်တည်ထောင်ခဲ့ပါသည်။ အသက်အာမခံလုပ်ငန်းကို စတင်ဆောင်ရွက်ခဲ့ကာ နောင်အခါ အသက်နှင့် အထွေထွေအာမခံ နှစ်မျိုးလုံး လက်ခံဆောင်ရွက်ခဲ့ပါသည်။ ယခုလက်ရှိ  ဆောင်ရွက်လျှက် ရှိသော အာမခံအမျိုးအစားများမှာ -

၁။ ပြည်သူ့၀န်ထမ်းအသက်အာမခံ
၂။ တပ်မတော်၀န်ထမ်းအသက်အာမခံ
၃။ ပြည်သူပြည်သားအသက်အာမခံ
၄။ စုပေါင်းအသက်အာမခံ
၅။ သင်္ဘောသားအသက်အာမခံ
၆။ မြန်မာနိုင်ငံသား (တရား၀င်) ပြည်ပလုပ်သားအသက်အာမခံ
၇။ အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ
၈။ မြွေအန္တရာယ်အသက်အာမခံ
၉။ ကျန်းမာရေးအာမခံ
၁၀။ မီးနှင့်အပိုအန္တရာယ်အကာအကွယ်များ
၁၁။ ဖောက်ထွင်းခိုးယူမှုအာမခံ
၁၂။ သမာဓိအာမခံ
၁၃။ ငွေသားလုံခြုံမှုအာမခံ
၁၄။ ငွေပို့ငွေသယ်အာမခံ
၁၅။ ကိုယ်အင်္ဂါထိခိုက်မှုနှင့် ရောဂါဘယအာမခံ
၁၆။ အလုပ်သမားလျော်ကြေးအာမခံ
၁၇။ ပေးလျော်ရန်တာ၀န်ရှိမှုအာမခံများ
    (က) မြေသယံဇာတတူးဖော်ရေးလုပ်ငန်းရှင်တာ၀န်ရှိမှုအာမခံ
    (ခ) Third Party Liability Insurance/Public Liability Insurance/
          Comprehensive General Liability Insurance
၁၈။ ကန်ထရိုက်တာလုပ်ငန်းနှင့် စက်ပစ္စည်းများအာမခံ
    (က) ကန်ထရိုက်တာအလုံးစုံအန္တရာယ်အာမခံ
    (ခ) တည်ဆောက်မှုအလုံးစုံအန္တရာယ်အာမခံ
    (ဂ) အီလက်ထရွန်းနစ်ပစ္စည်းအာမခံ
    (ဃ) စက်ပစ္စည်းအာမခံ
၁၉။ အပ်ငွေအာမခံ
၂၀။ ရေကြောင်းကုန်ပစ္စည်းအာမခံ
၂၁။ ရေယာဉ်ကိုယ်ထည်အာမခံ
၂၂။ လေယာဉ်ကိုယ်ထည်အာမခံ
၂၃။ လေကြောင်းပေးလျော်ရန်တာ၀န်ရှိမှုအာမခံ
(က) လေယာဉ်အမှုထမ်းများ အသက်နှင့်ကိုယ်အင်္ဂါထိခိုက်မှုအာမခံ
            (ခ) လေယာဉ်ကိုယ်ထည်ဆုံးရှုံးမှု/နှုတ်ဖြတ်မှုအာမခံ    
(ဂ) လေယာဉ်ကိုယ်ထည် စစ်မက်ဘေးအန္တရာယ်အာမခံ
၂၄။ ခရီးသွားအာမခံ
၂၅။ ရေယာဉ်လုပ်ငန်းရှင်တာဝန်ရှိမှုအာမခံ
၂၆။ ကျားဖောင်လုပ်ငန်းရှင်တာ၀န်ရှိမှုအာမခံ
၂၇။ ရေနံနှင့်သဘာ၀ဓါတ်ငွေ့အာမခံ
၂၈။ သူတစ်ပါးထိခိုက်မှုအာမခံ
၂၉။ အလုံးစုံမော်တော်ယာဉ်အာမခံ

ရုံးချုပ်တည်ရာမှာ အမှတ်-၆၂၇/၆၃၅၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး တွင် တိုင်း၊ ခရိုင်၊ မြို့နယ် ၃၈-ခု၌ ရုံးခွဲများ ဖွင့်လှစ်ထားရှိပါသည်။
    မြန်မာ့အာမခံတွင် ပမာဏကြီးမားသော အရံ ရန်ပုံငွေများ (အသက်အာမခံရန်ပုံငွေ ကျပ်သန်း ပေါင်း ၁၂၁၈၃.၀၂၅ အထွေထွေအာမခံရန်ပုံငွေ ကျပ် ၈၂၈၅၈.၉၆၅ သန်း၊ အထွေထွေ သီးသန့်ရန်ပုံငွေ ကျပ် ၆၃၅၅.၇၈၅ သန်းနှင့် ကြီးမားသော တစ်ဆင့်အာမခံအကာအကွယ်များလည်း ရှိပါသည်။ မီးနှင့် ရေကြောင်းအာမခံ ပိုလွန်ဆုံးရှုံမှုစာချုပ်များ၊ စွမ်းအင်အာမခံစာချုပ်များ၊ မော်တော်ကား စိတ်ကြိုက် တာ၀န်ယူမှုစာချုပ်များလည်း အခိုင်အမာ ချုပ်ဆိုဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ တစ်ဆင့်အာမခံ စာချုပ်များကို ကမ္ဘာ့ထိပ်တန်း တစ်ဆင့်အာမခံကုမ္ပကြီးများနှင့် ချုပ်ဆိုဆောင်ရွက်ထားခြင်းဖြစ်ပါသည်။
    ထို့ပြင် မြန်မာ့အာမခံဥပဒေအရ မြန်မာ့အာမခံ၏ ပေးလျော်ရန်တာ၀န်အားလုံးအား နိုင်ငံတော်မှ တာ၀န်ယူထားပါသည်။ သို့ဖြစ်၍ မြန်မာ့အာမခံသည် မည်သည့်အခါတွင်မျှ ဖျက်သိမ်းခံရမည့် ကုမ္ပဏီ မဟုတ်ပါ။ တရား၀င်လျော်ကြေး တောင်းဆိုမှုမှ မည်သည့်အခါတွင်မျှ ထွက်ပြေး တိမ်းရှောင်လိမ့်မည့် အာမခံကုမ္ပဏီမဟုတ်ဟူ၍လည်း ကျော်ဇောပါသည်။ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်အတွင်း လျော်ကြေး စုစုပေါင်း ကျပ် ၂၉၈၁.၆၁၂ သန်း ပေးလျော်ခဲ့ပါသည်။
    မြန်မာ့အာမခံသည် အခြားအာမခံကုမ္ပဏီများနည်းတူ အေးဂျင့်စနစ်အသုံးပြုလျက်ရှိပြီး၊ အေးဂျင့် အသစ်များကိုလည်း အစဉ်ခန့်အပ်လေ့ကျင့်ပေးလျက်ရှိပါသည်။
မြန်မာ့အာမခံသည် နိုင်ငံတော်ပိုင် အာမခံကုမ္ပဏီဖြစ်သည်နှင့်အညီ ဥပဒေအရ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် လိုအပ်သော အာမခံအကာအကွယ်များကို မြန်မာ့အာမခံမှသာ ၀ယ်ယူ ရမည်ဖြစ်ပါသည်။
    ဘဏ္ဍာရေး၀န်ကြီးဌာန၊ ပြည်ထောင်စု၀န်ကြီးရုံး၏ ၁၅-၁၁-၂၀၁၃ ရက်စွဲပါ အမိန့်ကြော်ငြာ စာအမှတ် ၂၁၁၇/၂၀၁၃ အရ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အား အောက်ပါအတိုင်း ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့ပါသည်-

(က)    ဒေါက်တာမောင်မောင်သိမ်း    ဥက္ကဋ္ဌ

ဒုတိယ၀န်ကြီး    

ဘဏ္ဍာရေး၀န်ကြီးဌာန    
(ခ)    ညွှန်ကြားရေးမှူးချုပ်    အဖွဲ့၀င်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်    
(ဂ)    ညွှန်ကြားရေးမှူးချုပ်    အဖွဲ့၀င်

ပြည်ထောင်စုရှေ့နေချုပ်ရုံး    
(ဃ)    ညွှန်ကြားရေးမှူးချုပ်    အဖွဲ့၀င်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    
(င)    ညွှန်ကြားရေးမှူးချုပ်    အဖွဲ့၀င်

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန    
(စ)    ဦးဆောင်ညွှန်ကြားရေးမှူး    အတွင်းရေးမှူး

မြန်မာ့အာမခံလုပ်ငန်း    
အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့သည် ပုဂ္ဂလိကကဏ္ဍအား အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ပြုရန်အတွက် အဆင့်ဆင့်ဆောင်ရွက်လျက်ရှိရာ ၅-၉-၂၀၁၂ တွင် အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင် ထုတ်ပေးမည့် ကုမ္ပဏီ (၁၂) ခု၏ အမည်စာရင်းအား အောက်ပါအတိုင်းကြေညာခဲ့ပါသည်။    ၂၅-၅-၂၀၁၃ တွင် ပုဂ္ဂလိကအာမခံကုမ္ပဏီ (၅) ခုကို လိုင်စင်စတင်ထုတ်ပေးခဲ့ပါသည်။ ထပ်မံ၍ ပုဂ္ဂလိကကုမ္ပဏီ(၄)ခုကို ၁၄-၆-၂၀၁၃ နေ့တွင်လည်းကောင်း၊ (၂)ခုကို ၆-၁၀-၂၀၁၄ နေ့တွင် လည်းကောင်း လိုင်စင်ထုတ်ပေးပြီး ဖြစ်ပါ၍ ယနေ့အထိ အာမခံကုမ္ပဏီ (၁၁) ခုကို လိုင်စင်ထုတ် ပေးပြီးဖြစ်ပါသည်။ ကျန်ကုမ္ပဏီ (၁) ခုကို လိုင်စင်ထုတ်ပေးရန် စီစဉ်ထားပြီးဖြစ်ပါသည်။

ပုဂ္ဂလိကအာမခံကုမ္ပဏီများ၏ အမည်စာရင်း

စဉ်

ကုမ္ပဏီအမည်

လိပ်စာ

မှတ်ချက်

First National Insurance Public Co., Ltd.

အမှတ်-၄၀၀/၄၀၆၊ ကုန်သည်လမ်း၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

I.K.B.Z Insurance (Public) Co., Ltd.

အမှတ်-၆၀၈၊ ဗိုလ်ဆွန်ပတ်လမ်း၊ ပန်းဘဲတန်း မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

Young Insurance Global Co., Ltd.

အမှတ်-၆၄၇(အေ)၊ ပြည်လမ်း၊ ကမာရွတ် မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

Grand Guardian Insurance Public Co., Ltd.

အမှတ်-၁၉/၂၀ (A,B,C&D) Junction Square, ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

Global World Insurance Co., Ltd.

အမှတ်-၄၄၊ သိမ်ဖြူလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

Excellent Fortune Insurance Co., Ltd.

အမှတ်-၅၃-၅၄၊ စက်ဆရာဦးထွန်းလမ်း၊ ရွှေပြည်သာစက်မှုဇုန်၊ အင်းစိန်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

အောင်သစ္စာဦးအာမခံကုမ္ပဏီလီမိတက်

အခန်း ၆၀၂-၆၀၄၊ မြ၀တီဘဏ် Luxury Complex, အမှတ်-၁၅၁၊ ဗိုလ်ချုပ်လမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

Pillar of Truth Insurance Co., Ltd.

အမှတ်-၁၄-၀၂၊ ဆာကူရာတာ၀ါ၊ ဆူးလေ ဘုရားလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

ဧရာမြန်မာအာမခံကုမ္ပဏီလီမိတက်

အမှတ်-၄၈၀၊ အောက်ကြည့်မြင်တိုင်လမ်း၊ ကြည့်မြင်တိုင်မြို့နယ်၊ ရန်ကုန်မြို့

အထွေထွေ + အသက်

၁၀

Capital Life Insurance Co.,

အမှတ်-၂၇၇/၂၈၅၊ ဗိုလ်အောင်ကျော်လမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့

အသက်

၁၁

နိုင်ငံသားစီးပွားရေးအာမခံအများပိုင် လီမိတက်

အမှတ်-၅၊ ဆရာစံပလာဇာ ပထမထပ်၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

အသက်

၁၂

အောင်မြင့်မိုရ်မင်းအာမခံကုမ္ပဏီလီမိတက်

အမှတ်-၂၈၊ ရွှေတိဂုံဘုရားလမ်းနှင့် ပန်တျာ လမ်းထောင့်၊ ဒဂုံမြို့နယ်၊ ရန်ကုန်မြို့

အသက်